၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ‘စစ်ဆင်ရေး ၁၁၁၁’ ကို စတင်ခဲ့ကြသည်။ စစ်ဆင်ရေးကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်စခန်းပေါင်း ၁၅ ခုထက်မနည်း တိုက်ခိုက်ခံရသည်။