အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများအပေါ် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၁၉ ခုထက်မနည်း ရှိခဲ့သည်။ ထိုဖြစ်စဉ်များသည် တနေရာတည်း၌ အနည်းဆုံး ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများအား စုစည်းထားခြင်း ဖြစ်သည်။