အမှတ်-၁ အာရှအဝေးပြေးလမ်းမ၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို ယခုတိုင် ပိတ်ထားသည်။ လမ်းပိတ်မှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ (၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလများကို နှိုင်းယှဉ်ချက်အရ) အမေရိကန်ဒေါ်လာ ၇၂၁ ဒသမ ၉၆ သန်းဝန်းကျင် လျော့ကျခဲ့သည်။