in Policy Brief /
on October 22, 2025
မြန်မာ့အရေး နိုင်ငံတကာ၏တူညီဆန္ဒ ခိုင်မာအားကောင်းစေရန် မူဝါဒအကြံပြုချက်
မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ် ချည့်နဲ့သွားခြင်းသည် မြန်မာအတွက်သာမက ဒေသတွင်းအတွက်ပါ ‘အားကြီးသူ မင်းမူနိုင်မည့်’လမ်းကို ဖွင့်ပေးသကဲ့သို့ ဖြစ်သွားနိုင်ပါသည်။ အခြားအစားထိုးစရာ နိုင်ငံတကာသဘောတူညီချက်တရပ်ရပ်ကို မဖော်ဆောင်နိုင်ပါက အာဆီယံတူညီဆန္ဒကိုပင် ချည်တိုင်အဖြစ် ဆက်လက်ထောက်ခံပြီး နိုင်ငံရေးခေါင်းဆောင်အဆင့် တိုက်ရိုက်အားထည့် ကြားဝင်ဆောင်ရွက်ရေးကို အလေးပေးတွဲဖက် ကျင့်သုံးသင့်ပါသည်။