in Flash Updates /
on October 3, 2025
မန္တလေး-မူဆယ်လမ်းပေါ်ရှိ မြို့နှစ်မြို့ကို အချိန်နှစ်လခွဲအတွင်း စစ်ကော်မရှင် ပြန်သိမ်း
TNLA ထိန်းချုပ်ထားသည့် မြို့များကို စစ်ကော်မရှင်က ဦးတည် စစ်ဆင်နေခြင်း ဖြစ်သည်။ နောင်ချိုနှင့် ကျောက်မဲမြို့များကို ပြန်သိမ်းခဲ့ပြီးနောက် စစ်ကော်မရှင်သည် ကျောက်မဲ-မိုးကုတ်လမ်းပေါ်ရှိ မိုင်းတင်းရွာအနီးအထိ တပ်ဖြန့်ထားသည်။ ထို့အပြင် နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ရတနာသိင်္ဂီရွာကိုလည်း သိမ်းယူထားသည်။