Tracker
in /
on September 25, 2025

KIO အတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုကို ဒွန်တွဲယူလာသော မြေရှားသတ္တုသိုက်

၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု စံချိန်တင် လျော့ကျခဲ့ပြီးနောက် KIO အပေါ် တရုတ်အစိုးရ၏ ဖိအားပေးမှုများရှိခဲ့ပြီး KIO ၏ သယံဇာတအုပ်ချုပ်မှု (Resource Governance) မှာ နိုင်ငံရေးညှိနှိုင်းမှုနှင့် အာဏာထိန်းချုပ်ရေးအတွက် အရေးပါလာခဲ့သည်။
in /
on September 19, 2025

အရပ်သားများ အစုအပြုံလိုက်သေဆုံးမှုဖြစ်စဥ် ၉၂ ကြိမ်ထက်မနည်း ရှိလာ 

ဖြစ်စဥ်များအနက် ၈၈ ခုကို စစ်ကော်မရှင်က ကျူးလွန်ခဲ့ပြီး အရပ်သား ၁,၇၂၃ ဦး သေဆုံးခဲ့သည်။ ကျန်ဖြစ်စဥ် လေးခုကို တော်လှန်ရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ အရပ်သား ၈၅ ဦး သေဆုံးခဲ့သည်။
in /
on September 17, 2025

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဥ်၌ နားလည်မှုစာချွန်လွှာခုနစ်ခု လက်မှတ်ထိုးခဲ့

လက်မှတ်ထိုးခဲ့သည်များအနက် နှစ်ခုမှာ အကောင်အထည်ဖော်ရန် စိန်ခေါ်မှုရှိသည်။ ကျန်ငါးခုမှာ စီးပွားရေးအကျိုးအမြတ် နည်းနိုင်သည်။ သို့သော် ကုန်သွယ်စီးပွား လုပ်ငန်းပရောဂျက်များအပေါ် အခြေခံပြီး ပဋိပက္ခအရှိန်လျှော့ချရေး တရုတ်အစိုးရ၏ ကြိုးပမ်းမှုများအပေါ် တနည်းတဖုံ သက်ရောက်မှုရှိနိုင်သည်။
in /
on September 10, 2025

စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် ပွဲထုတ်ခံခဲ့ရသော စစ်တပ်၏ စတုတ္ထမျိုးဆက်သုံးဦး

လိုက်ပါသွားသော စစ်ဘက်အရာရှိငါးဦးအနက် သုံးဦးသည် စစ်တပ်၏ စတုတ္ထမျိုးဆက် ထိပ်တန်းအရာရှိများ ဖြစ်လာနိုင်သည်။ ၎င်းတို့အား တရုတ်နိုင်ငံသို့ခေါ်သွားပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပွဲထုတ်ခဲ့ခြင်းကို ‘ဆွေပြမျိုးပြ’ မိတ်ဆက်ပေးခြင်းသဘောဟု သုံးသပ်နိုင်ပါသည်။
in /
on August 21, 2025

အပြောင်းအလဲ ၂၃ ကြိမ်နှင့် စစ်ကောင်စီတခန်းရပ်

လေးနှစ်ကျော်အတွင်း စစ်ကောင်စီတွင် ပါဝင်ခဲ့ဖူးသူ ၃၃ ဦးရှိခဲ့သည်။ ထိုအထဲက ဗိုလ်ချုပ်ကြီးသုံးဦးနှင့် အရပ်သားကောင်စီဝင် ၁၄ ဦးမှာ ကောင်စီဝင်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသည်။
ISP Myanmar Logo
×